id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
1
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
(ဗဟုပုတ္တိက) သောဏာ ထေရီအကြောင်း
(၇) (ဗဟုပုတ္တိက) သောဏာထေရီအကြောင်း
2
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
(ဗဟုပုတ္တိက) သောဏာ ထေရီအကြောင်း
(က) ထေရီမ၏ ရှေးဆုတောင်း
3
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
(ဗဟုပုတ္တိက) သောဏာ ထေရီအကြောင်း
ဤ(ဗဟုပုတ္တိက) သောဏာထေရီအလောင်း အမျိုးကောင်းသမီးသည် ပဒုမုတ္တရမြတ်စွာ လက်ထက်တော် အခါဝယ် ဟံသာဝတီ မင်းနေပြည်၌ သူဌေးသမီးဖြစ်၍ နောက်အဖို့ဝယ် မြတ်စွာဘုရား၏ တရားတော်ကို ကြားနာရစဉ် မြတ်စွာဘုရားရှင်က
4
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
(ဗဟုပုတ္တိက) သောဏာ ထေရီအကြောင်း
၉၉ ဘိက္ခုနီမတပါးကို “အာရဒ္ဓဝီရိယ = လုံ့လပြင်းထန် ထက်သန်သော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို မြင်ရ၍ အားကျနှစ်သက်ကာ အဓိကာရ ကောင်းမှု ကုသိုလ်ကိုပြုပြီးလျှင် ထိုအာရဒ္ဓဝီရိယ ဧတဒဂ်ရာထူးကို ဆုတောင်းပတ္ထနာမှု ပြုခဲ့လေသည်။
5
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
(ဗဟုပုတ္တိက) သောဏာ ထေရီအကြောင်း
ပဒုမုတ္တရ မြတ်စွာဘုရားရှင်ကလည်း ဗျာဒိတ်စကား မိန့်ကြားတော်မူခဲ့လေသည်။
6
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
(ဗဟုပုတ္တိက) သောဏာ ထေရီအကြောင်း
(ခ) နောက်ဆုံးဘဝ ရဟန်းမ-ပြုခြင်း
7
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
(ဗဟုပုတ္တိက) သောဏာ ထေရီအကြောင်း
ထိုသူဌေးသမီးသည် ကမ္ဘာတသိန်းကြာ ကာလပတ်လုံး နတ်ပြည် လူ့ပြည်တို့၌ ကျင်လည်ကျက်စားခဲ့၍ ဤဘုရားမြတ်စွာ ပွင့်ထွန်းတော်မူရာ ကာလဝယ် သာဝတ္ထိပြည်၌ သူဌေးသမီးဖြစ်၍ အရွယ်သို့ရောက်လတ်သော် အရှင်သခင် လင်ယောက်ျား သူဌေးသားအိမ်သို့ လိုက်ပါရကာ သားသမီး (၁၀) တကျိပ်ထွန်းကား ရရှိရကား “ဗဟုပုတ္တိက-သောဏာ”ဟူ၍ ထင်ရှားလေသည်။
8
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
(ဗဟုပုတ္တိက) သောဏာ ထေရီအကြောင်း
ဗဟုပုတ္တိက-သောဏာ သူဌေးကတော်သည် နောက်တချိန်ဝယ် အရှင်သခင် လင်ယောက်ျား သူဌေးသား ရဟန်းပြု၍ သွားလတ်သော် အရွယ်သို့ရောက်ကြသည့် သားသမီးတကျိပ်တို့ကို အိမ်ထောင်ထိမ်းမြား နေရာချထားပြီးလျှင် အလုံးစုံသော ဥစ္စာကို သားသမီးတို့အား အမွေခွဲဝေ၍ ပေးလေ၏၊ မိမိအတွက် အနည်းငယ်သော ဥစ္စာကိုမျှ ချန်၍မထားချေ။
9
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
(ဗဟုပုတ္တိက) သောဏာ ထေရီအကြောင်း
ဗဟုပုတ္တိက-သောဏာ သူဌေးကတော်ကို သားများ သမီးများက နှစ်ရက်သုံးရက်မျှသာ ကြည်သာယုယ ပြုစုကြပြီး နှစ်ရက်သုံးရက်မှနောက် ရောက်သောအခါ၌ လွှမ်းမိုး ချုတ်ချယ်စကား ပြောကြား၍ လာကြလေသည်။
10
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
(ဗဟုပုတ္တိက) သောဏာ ထေရီအကြောင်း
ဗဟုပုတ္တိက-သောဏာ သူဌေးကတော်သည် သားသမီးများက မိမိအပေါ်၌ မရိုမသေကြသောအဖြစ်ကို သိရှိ၍ “ငါ့အဖို့ရာ အိမ်ရာတည်ထောင် လူ့ဘောင်၌ နေခြင်းဖြင့် အဘယ်အမှု ပြုရအံ့နည်း = ပြုရန်မရှိသည်သာ”ဟု ကြံစည်ဆင်ခြင်၍ လူ့ဘောင်မှထွက်ကာ ရဟန်းမ-ပြုလေ၏။
11
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
(ဗဟုပုတ္တိက) သောဏာ ထေရီအကြောင်း
ထိုသို့ ရဟန်းမ-ပြုပြီးနောက် ဗဟုပုတ္တိက သောဏာထေရီကို ဆရာဘိက္ခုနီတို့က
12
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
(ဗဟုပုတ္တိက) သောဏာ ထေရီအကြောင်း
၁၀၀ အပြစ်တခု အကြောင်းပြု၍ “ဤဗဟုပုတ္တိက-သောဏာ ဘိက္ခုနီသည် ဝတ်ကို မသိတတ်၊ မလျောက်ပတ်သည်ကို ပြုဘိ၏”ဟု သင့်လျော်ရာ ဒဏ်ထားမှုကို ပြုကြလေ၏။
13
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
(ဗဟုပုတ္တိက) သောဏာ ထေရီအကြောင်း
သားသမီးတို့သည် ဒဏ်ထမ်း၍နေသော မိခင်ဖြစ်သူ ဗဟုပုတ္တိက သောဏာထေရီကို မြင်ကြရလေလျှင် “ဤအမယ်ကြီးသည် ယနေ့တိုင်အောင်လည်း ရဟန်းသိက္ခာမျှကိုပင် မသိမြင်ဘိတကား”ဟု တွေ့လေရာရာအရပ်၌ ပြက်ရယ် ပြောင်လှောင်မှုကို ပြုကြလေ၏။
14
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
(ဗဟုပုတ္တိက) သောဏာ ထေရီအကြောင်း
ဗဟုပုတ္တိက သောဏာထေရီ ဘိက္ခုနီသည် ထိုသားသမီးတို့၏ ပြက်ရယ်ပြောင်လှောင် ပြောဆိုကြသောစကားကို ကြားရ၍ သံဝေဂကြီးစွာ ဖြစ်ရှိပြီးလျှင် “မိမိ၏ ဂတိစင်ကြယ်အောင် ပြုမှသင့်မည်”ဟု ကြံစည်ဆင်ခြင်၍ ထိုင်သောနေရာ ရပ်သောနေရာတို့၌ ဒွတ္တိံသာကာရ (=၃၂-ကောဋ္ဌာသ) ကမ္မဋ္ဌာန်းကို စီးဖြန်း သရဇ္ဈာယ်၍ နေလေ၏။
15
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
(ဗဟုပုတ္တိက) သောဏာ ထေရီအကြောင်း
(ဗဟုပုတ္တိက သောဏာထေရီ ဘိက္ခုနီသည် “ငါကား ကြီးမှ ရဟန်းမ-ပြုသူ ဖြစ်ရကား မမေ့မလျော့သူဖြစ်မှ သင့်တော်မည်”ဟု ကြံစည်ဆင်ခြင်၍ ဘိက္ခုနီတို့၏ ဝတ်ကြီးဝတ်ငယ်ကို ပြုလုပ်ဆောင်ရွက်ရင်း “ငါသည် ညဉ့်သုံးယံပတ်လုံး ရဟန်းတရားကို အားထုတ်ပေအံ့”ဟု ပြာသာဒ်၏ အောက်ထပ်ဝယ် တိုင်ကြီးတလုံးကို လက်ဖြင့်ကိုင်၍ ထိုတိုင်ကို လက်မလွှတ်ပဲ ရဟန်းတရား ပွါးများအားထုတ်လျက် ပင်ပန်းလှ၍ စင်္ကြံသွားလျှင်လည်း “မှောင်မိုက်ထဲ၌ သစ်ပင်စသည်တို့တွင် တစုံတရာသောအရာ၌ ငါ၏ဦးခေါင်းသည် တိုက်မိခိုက်မိလေရာ၏”ဟု အောက်မေ့ကာ သစ်ပင်ကို လက်ဖြင့်ကိုင်၍ ထိုသစ်ပင်ကို လက်မလွှတ်ပဲ လှည့်လည် စင်္ကြံသွားကာသာ ရဟန်းတရား ပွါးများကြိုးကုတ် အားထုတ်လေ၏။
16
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
(ဗဟုပုတ္တိက) သောဏာ ထေရီအကြောင်း
။ ထေရီဂါထာအဋ္ဌကထာမှ)။
17
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
(ဗဟုပုတ္တိက) သောဏာ ထေရီအကြောင်း
အာရဒ္ဓဝီရိယ သောဏာထေရီဟု ထင်ရှားခြင်း
18
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
(ဗဟုပုတ္တိက) သောဏာ ထေရီအကြောင်း
ထို(ဗဟုပုတ္တိက) သောဏာထေရီသည် ဆိုအပ်ပြီးသည့်အတိုင်း မအိပ်မနေ လုံ့လဝီရိယကြီးစွာဖြင့် ရဟန်းတရား ပွါးများကြိုးကုတ် အားထုတ်လေရကား ရှေးအခါ၌
19
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
(ဗဟုပုတ္တိက) သောဏာ ထေရီအကြောင်း
၁၀၁ ဗဟုပုတ္တိက သောဏာထေရီ အမည်ထင်ရှားရာမှ နောက်အခါဝယ် “အာရဒ္ဓဝီရိယ သောဏာထေရီ = ဝီရိယထက်သန် ပြင်းထန်သော သောဏာထေရီ”ဟု ထင်ရှားလေ၏။
20
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
(ဗဟုပုတ္တိက) သောဏာ ထေရီအကြောင်း
ရဟန္တာမ ဖြစ်ခြင်း
21
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
(ဗဟုပုတ္တိက) သောဏာ ထေရီအကြောင်း
တနေ့သ၌ ဘိက္ခုနီမတို့သည် ဇေတဝန် ကျောင်းတိုက်တော်သို့ အဆုံးအမခံယူရန် သွားရောက်ကြသည်ရှိသော် အာရဒ္ဓဝီရိယ သောဏာထေရီ ဘိက္ခုနီမကြီးကို “အို ရှင်မသောဏာ.. ဘိက္ခုနီသံဃာအတွက် ရေနွေးတည်၍ ထားလိုက်ပါလော့”ဟု မှာတမ်း၍ သွားကြကုန်၏။
22
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
(ဗဟုပုတ္တိက) သောဏာ ထေရီအကြောင်း
သောဏာထေရီ ဘိက္ခုနီမကြီးသည်လည်း ရေနွေးအိုးမတည်မီ အလျင်ရှေးဦးစွာပင် မီးတင်းကုပ်အနီး၌ လူးလာတုံ့ခေါက် စင်္ကြံလျှောက်ရင်း လျှောက်ရင်း ဒွတ္တိံသာကာရ (၃၂-ကောဋ္ဌာသ) ကမ္မဋ္ဌာန်းကို ရွတ်အံသရဇ္ဈာယ်လျက် ဝိပဿနာကမ္မဋ္ဌာန်းကို စီးဖြန်း ပွါးများ၍ နေလေ၏။
23
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
(ဗဟုပုတ္တိက) သောဏာ ထေရီအကြောင်း
မြတ်စွာဘုရားရှင်သည် ဇေတဝန်ကျောင်းတိုက်တော် ဂန္ဓကုဋီတိုက်တော်အတွင်း နေထိုင်တော်မူရင်းကပင်-
24
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
(ဗဟုပုတ္တိက) သောဏာ ထေရီအကြောင်း
ယော စ ၀ဿသတံ ဇီဝေ၊ အပဿံ ဓမ္မမုတ္တမံ။
25
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
(ဗဟုပုတ္တိက) သောဏာ ထေရီအကြောင်း
ဧကာဟံ ဇီဝိတံ သေယျော၊ ပဿတော ဓမ္မမုတ္တမံ။
26
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
(ဗဟုပုတ္တိက) သောဏာ ထေရီအကြောင်း
သောဏေ = ချစ်သမီး သောဏာ..။
27
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
(ဗဟုပုတ္တိက) သောဏာ ထေရီအကြောင်း
ယော စ = အမှတ်မထင် အကြင်သူသည်ကား။
28
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
(ဗဟုပုတ္တိက) သောဏာ ထေရီအကြောင်း
ဥတ္တမံ ဓမ္မံ = သင်္ချာ ကိုးရပ် လောကုတ္တရာ တရားတော်မြတ်ကို။
29
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
(ဗဟုပုတ္တိက) သောဏာ ထေရီအကြောင်း
အပဿံ-အပဿန္တော = မျက်မှောက်ထင်ထင် မတွေ့မြင်ရပဲ။
30
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
(ဗဟုပုတ္တိက) သောဏာ ထေရီအကြောင်း
ဝဿသတံ = အနှစ်တရာ ရှည်မြင့်ကြာအောင်။
31
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
(ဗဟုပုတ္တိက) သောဏာ ထေရီအကြောင်း
ဇီဝေ-ဇီဝေယျ = အသက်ရှည်ထွေ တည်နေရာ၏။
32
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
(ဗဟုပုတ္တိက) သောဏာ ထေရီအကြောင်း
တဿ = ထိုသူ၏။
33
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
(ဗဟုပုတ္တိက) သောဏာ ထေရီအကြောင်း
ဇီဝတော = အနှစ်တရာ ရှည်မြင့်ကြာအောင် ခန္ဓာဆက်စဉ် အသက်ရှင်၍ နေရခြင်း ထက်။
34
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
(ဗဟုပုတ္တိက) သောဏာ ထေရီအကြောင်း
ဥတ္တမံ ဓမ္မံ = သင်္ချာကိုးရပ် လောကုတ္တရာ တရားတော်မြတ်ကို။
35
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
(ဗဟုပုတ္တိက) သောဏာ ထေရီအကြောင်း
ပဿတော = မျက်မှောက်ထင်ထင် တွေ့ရမြင်ရသောသူ၏။
36
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
(ဗဟုပုတ္တိက) သောဏာ ထေရီအကြောင်း
ဧကာဟံ = ကာလမကြာ တရက်တာမျှ။
37
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
(ဗဟုပုတ္တိက) သောဏာ ထေရီအကြောင်း
၁၀၂ ဇီဝိတံ = ခန္ဓာဆက်စဉ် အသက်ရှင်၍ နေရခြင်းသည်။
38
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
(ဗဟုပုတ္တိက) သောဏာ ထေရီအကြောင်း
သေယျော = အထူးသဖြင့် ချီးမွမ်းအပ် မြတ်လှပေ၏” -
39
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
(ဗဟုပုတ္တိက) သောဏာ ထေရီအကြောင်း
ဟူသော ဤဩဘာသဂါထာကို ရွတ်ဆို ဟောကြားတော်မူလေ၏။
40
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
(ဗဟုပုတ္တိက) သောဏာ ထေရီအကြောင်း
သောဏာထေရီ ဘိက္ခုနီမကြီးသည် ဩဘာသတရားဂါထာ၏ အဆုံး၌ အရဟတ္တဖိုလ်သို့ ရောက်ရှိပြီးလျှင် (ရဟန္တာဖြစ်ပြီးလျှင်) “ငါကား အရဟတ္တဖိုလ်သို့ ရောက်ခဲ့လေပြီ၊ ဤအကြောင်းကို မသိကြသည့် ရောက်လာသော ပုဂ္ဂိုလ်များကား မစူးမစမ်းပဲသာလျှင် ငါ့အပေါ်၌ မထီမဲ့မြင်မှု (=အထင်သေးမှု)ပြု၍ တစုံတရာ အပြစ်တင်စကား မထီမဲ့မြင်စကား ပြောကြားမိခဲ့လျှင် များစွာသော အကုသိုလ်ကို တိုးပွါးစေလေရာ၏။
41
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
(ဗဟုပုတ္တိက) သောဏာ ထေရီအကြောင်း
သို့ရကား ငါသည် သူတပါးတို့ သိမှတ်နိုင်ကြောင်းကို ကြိုတင်ပြုလုပ်ထားမှ သင့်တော်တော့မည်”ဟု ကြံစည်ဆင်ခြင်၍ ရေအိုး(ရေနွေးတည် ရန်အိုး)ကို ခုံလောက်ပေါ်၌ တင်ထားရုံ တင်ထား၍ အောက်၌ကား မီးကို မမွေးပဲ ပကတိထားရှိလေ၏။
42
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
(ဗဟုပုတ္တိက) သောဏာ ထေရီအကြောင်း
အဖော်အတူနေ ဘိက္ခုနီမတို့သည် ကျောင်းတော်မှ ပြန်လာကြသည်ရှိသော် ခုံလောက်ကို လှမ်းမျှော်ကြည့်ကြလျက် မီးတောက်မီးလျှံကို မမြင်ကြရကား “ဤအဖွားကြီးကို ‘ဘိက္ခုနီသံဃာအတွက် ရေနွေးကျို၍ ထားလိုက်ပါ’ဟု ငါတို့မှာထား ပြောကြားခဲ့ကြပါလျက် ဤအဖွားကြီးသည် ယခုတိုင်အောင်ပင် ခုံလောက်၌ မီးကိုမျှ မမွေးသေး မပြုသေးပါတကား”ဟု အပြစ်တင်စကား ပြောကြားကြလေ၏။
43
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
(ဗဟုပုတ္တိက) သောဏာ ထေရီအကြောင်း
ထိုအခါ သောဏာထေရီ ဘိက္ခုနီမကြီးက “ရှင်မတို့.. ရှင်မတို့အဖို့ရာဖြင့် အဘယ်မူစအံ့နည်း = ဘာလုပ်မည်နည်း၊ ရေနွေးဖြင့် ရေချိုးလိုသော ဘိက္ခုနီမတို့သည် ထိုရေအိုးထဲမှ ရေကို ခပ်ယူ၍ ချိုးကြလော့”ဟု အံ့ဖွယ်စကား ပြောကြားလေလျှင် အတူနေအဖော် ဘိက္ခုနီမတို့သည်လည်း “ဤသို့ အံ့ဖွယ်စကား ဤအဖွားကြီး ပြောကြားရာ၌ အကြောင်းထူးတခုခု ဧကန်ပင်ရှိသည် ဖြစ်လိမ့်မည်”ဟု ကြံစည် စဉ်းစားမိကြကာ ထိုရေအိုးရှိရာသို့ သွားကြ၍
44
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
(ဗဟုပုတ္တိက) သောဏာ ထေရီအကြောင်း
၁၀၃ ရေ၌ လက်ကို ချနှစ်ကာ စမ်းသပ်ကြသည်တွင် ပူနွေးသည်၏အဖြစ်ကို သိကြ၍ အခြား အိုးလွတ်တခုကို ယူဆောင်ခဲ့ကြကာ ခုံလောက်ပေါ်၌ တင်ထားသောအိုးတွင်းမှ ရေကို ခပ်ယူကြလေကုန်၏။
45
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
(ဗဟုပုတ္တိက) သောဏာ ထေရီအကြောင်း
ခပ်တိုင်း ခပ်တိုင်းသော နေရာသည် နဂိုရ်ပကတိ ရေတဖန်ပြန်၍ ပြည့်မြဲ ပြည့်နေလေ၏။
46
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
(ဗဟုပုတ္တိက) သောဏာ ထေရီအကြောင်း
ထိုအခါကျမှ အတူနေအဖော် ဘိက္ခုနီမ အားလုံးတို့သည် သောဏာထေရီ ဘိက္ခုနီမကြီး၏ အရဟတ္တဖိုလ်၌ တည်ကြောင်း = ရဟန္တာဖြစ်ကြောင်းကို ကောင်းစွာ သိရှိကြလျက် ရှေးဦးစွာ သိက္ခာဝါငယ်သော ဘိက္ခုနီမတို့သည် တည်ခြင်း၅-မျိုးဖြင့် ထေရီမကြီး၏ ခြေရင်း၌ ဝပ်စင်းကုန်လျက် “အရှင်မကြီး.. အကျွန်ုပ်တို့သည် ဤမျှ ကာလကြာအောင် မစူးစမ်း မဆင်ခြင်မိကြပဲ အရှင်မကြီးကို အနိုင်ကျင့်ကာကျင့်ကာ လွှမ်းမိုးစကား ပြောမှားမိခဲ့ကြပါပြီ၊ အကျွန်ုပ်တို့ကို သည်းခံတော်မူကြပါလော့”ဟု တောင်းပန်စကား လျှောက်ထားပြောဆို ကန်တော့ကြလေကုန်၏။
47
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
(ဗဟုပုတ္တိက) သောဏာ ထေရီအကြောင်း
သိက္ခာဝါ ကြီးသော ဘိက္ခုနီမတို့ကလည်း ဆောင့်ကြောင့်ထိုင်ကြ၍ “အရှင်မ.. သည်းခံပါလော့”ဟု တောင်းပန်စကား ပြောကြား၍ ကန်တော့ကြလေ၏။
48
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
(ဗဟုပုတ္တိက) သောဏာ ထေရီအကြောင်း
(ဂ) ဧတဒဂ်ဘွဲ့ထူး ရရှိခြင်း
49
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
(ဗဟုပုတ္တိက) သောဏာ ထေရီအကြောင်း
ထိုအချိန်မှစ၍ “အသက်အရွယ် ကြီးရင့်သောအခါမှ ရဟန်းပြုသော်လည်း လုံ့လပြင်းထန် ထက်သန်သည်၏ အဖြစ်ကြောင့် မကြာမြင့်မီပင် သောဏာထေရီမကြီးသည် အရဟတ္တဖိုလ်၌ တည်လေပြီ”ဟု ထေရီမကြီး၏ ဂုဏ်ကျေးဇူးသည် အထူးထင်ရှား ကျော်ကြား၍ လာလေ၏။
50
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
(ဗဟုပုတ္တိက) သောဏာ ထေရီအကြောင်း
နောက်အဖို့၌ မြတ်စွာဘုရားသည် ဇေတဝန် ကျောင်းတိုက်တော်၌ နေတော်မူကာ ဘိက္ခုနီထေရီမတို့ကို အစဉ်အတိုင်း ဧတဒဂ်ရာထူးဌာနန္တရ၌ ထားတော်မူသည်ရှိသော် သောဏာထေရီ ဘိက္ခုနီမကြီးကို-
51
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
(ဗဟုပုတ္တိက) သောဏာ ထေရီအကြောင်း
“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝိကာနံ ဘိက္ခုနီနံ အာရဒ္ဓဝီရိယာနံ ယဒိဒံ သောဏာ = ရဟန်းတို့..
52
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
(ဗဟုပုတ္တိက) သောဏာ ထေရီအကြောင်း
၁၀၄ သမ္မပ္ပဓာန်လုံ့လ ဝီရိယပြင်းထန် ထက်သန်ကြသည့် ငါဘုရား၏ တပည့်မ = သာဝိကာ ဘိက္ခုနီများစွာတို့တွင် သောဏာတွင်မည် ဘိက္ခုနီသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”—
53
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
(ဗဟုပုတ္တိက) သောဏာ ထေရီအကြောင်း
ဟု ချီးကျူး မိန့်မြွက်တော်မူကာ “အာရဒ္ဓဝီရိယ = ဝီရိယပြင်းထန် ထက်သန်သော အရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။
54
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
(ဗဟုပုတ္တိက) သောဏာ ထေရီအကြောင်း
ဤကား သောဏာထေရီ အကြောင်းတည်း။
55
မဆိုင်းမတွ ဖျက်ပစ်ရန် တောင်းဆိုမှုများ
CAT:CSD
REDIRECT ကဏ္ဍ:မဆိုင်းမတွ ဖျက်ပစ်ရန် တောင်းဆိုမှုများ
56
ဖျက်ပစ်ရန် တောင်းဆိုမှုများ
CAT:DEL
REDIRECT ကဏ္ဍ:ဖျက်ပစ်ရန် တောင်းဆိုမှုများ
57
ဝီကီရင်းမြစ် တမ်းပလိတ်များ
CAT:T
REDIRECT ကဏ္ဍ:ဝီကီရင်းမြစ် တမ်းပလိတ်များ
58
မြန်မာနိုင်ငံ၏ ဥပဒေများ, မြန်မာဘာသာ, ကိုလိုနီခေတ်
Government of Burma Act, 1935
Category:မြန်မာနိုင်ငံ၏ ဥပဒေများ
59
မြန်မာနိုင်ငံ၏ အက်ဥပဒေများ, မြန်မာဘာသာ, ကိုလိုနီခေတ်
The Burma Official Secrets Act
Category:မြန်မာနိုင်ငံ၏ အက်ဥပဒေများ
60
ဇာတ်နိပါတ်, မြန်မာဘာသာ
ကကဏ္ဋကဇာတ်
ဒုကနိပါတ်-သန္ထဝဝဂ်
61
ဇာတ်နိပါတ်, မြန်မာဘာသာ
ကကဏ္ဋကဇာတ်
၁၀။ ကကဏ္ဋကဇာတ်
62
ဇာတ်နိပါတ်, မြန်မာဘာသာ
ကကဏ္ဋကဇာတ်
နာယံ ပုရေ ဥဏ္ဏမတိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကကဏ္ဋကဇာတ်သည် မဟာဥမင်္ဂဇာတ်၌ ထင်စွာ ဖြစ်လတ္တံ့။
63
ဇာတ်နိပါတ်, မြန်မာဘာသာ
ကကဏ္ဋကဇာတ်
ဆယ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ကကဏ္ဋကဇာတ်သည် ပြီး၏။
64
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဗုဒ္ဓဝင်
ဝေဿဘူမြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူပြီးသည့်နောက် ထိုဝေဿဘူ မြတ်စွာဘုရား ပွင့်တော်မူရာ ကပ်ကမ္ဘာကုန်ဆုံး လွန်မြောက်သည်ရှိသော် ဘုရားပွင့်တော်မမူသည့် သုညကပ်ကမ္ဘာပေါင်း (၂၉) နှစ်ဆယ့်ကိုးကမ္ဘာ ခြားပြီးနောက် ဘုရားငါးဆူပွင့်တော်မူရာ ဤဘဒ္ဒကမ္ဘာသို့ ရောက်ခဲ့လေသည်။
65
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဗုဒ္ဓဝင်
၅၀၈ ဤဘဒ္ဒကမ္ဘာ၌ ကကုသန်မြတ်စွာဘုရား, ကောဏာဂုံမြတ်စွာဘုရား, ကဿပမြတ်စွာဘုရား, ဂေါတမမြတ်စွာဘုရားဟူ၍ ဘုရားလေးဆူ ပွင့်တော်မူပြီးကြကုန်ပြီ၊ အရိမေတ္တေယျ မြတ်စွာဘုရားကား ဤဘဒ္ဒကမ္ဘာ၌ မချွတ် ပွင့်တော်မူလတ္တံ့ဖြစ်သည်။
66
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဗုဒ္ဓဝင်
ထိုဘုရားငါးဆူတို့တွင် ရှေးဦးစွာ ပွင့်တော်မူသော ကကုသန်မြတ်စွာဘုရား၏ အကြောင်းအရာသော်ကား.. ဤဘဒ္ဒကမ္ဘာမှာ အန္တရကပ်ပေါင်း ခြောက်ဆယ့်လေးကပ်ရှိသည်အနက် (မဟာရာဇဝင်ကြီးအဆို ရှစ်ခုမြောက်ဖြစ်သော အန္တရကပ်၌၊ မှန်နန်းရာဇဝင်အဆို ပဌမအန္တရကပ်၌ပင်) လူတို့အသက် အသင်္ချေတမ်းမှ ဆုတ်ယုတ်ခဲ့၍ အနှစ်လေးသောင်းတမ်းသို့ ရောက်သောအခါ ကကုသန်မြတ်စွာဘုရား အလောင်းတော်သည် ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူပြီးသည်ဖြစ်၍ အလောင်းတော်တို့၏ ဓမ္မတာအတိုင်း တုသိတာနတ်ပြည်၌ စံနေတော်မူစဉ် ဘုရားဖြစ်ရန် နတ်ဗြဟ္မာအပေါင်းတို့၏ တောင်းပန်ချက်ကို ဝန်ခံတော်မူ၍ လူ့ပြည်သို့ ဆင်းသက်ကာ ခေမဝတီ နေပြည်တော်ဝယ် ခေမင်္ကရအမည်ရှိသော မင်းကြီး၏ အကျိုးအကြောင်းကို ကောင်းစွာ ဖော်ပြဆုံးမတတ်သည့် အဂ္ဂိဒတ္တအမည်ရှိသော ပုရောဟိတ်ပုဏ္ဏား၏ သက်ထားကတော်ဖြစ်သူ ဝိသာခါအမည်ရှိသော ပုဏ္ဏေးမဝမ်း၌ ပဋ္ဋိသန္ဓေ နေတော်မူ၍ ဆယ်လစေ့မြောက် အချိန်ရောက်သောအခါ ခေမဝတီ ဥယျာဉ်တော်အတွင်း၌ ဖွားမြင်တော်မူလေသည်။
67
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဗုဒ္ဓဝင်
(အလောင်းတော် ပဋိသန္ဓေ နေသောအခါ ဖွားမြင်သောအခါတို့၌ နိမိတ်ကြီးများ အံ့ဩဖွယ်ကြီးများ ထင်ရှားဖြစ်ပေါ်ကုန်၏။
68
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဗုဒ္ဓဝင်
) အထူးမှတ်ဖွယ်-
69
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဗုဒ္ဓဝင်
ရှေး၌ ဖော်ပြခဲ့ပြီးသည့်အတိုင်း ဒီပင်္ကရာ မြတ်စွာဘုရားမှစ၍ ဝေဿဘူ မြတ်စွာဘုရားတိုင်အောင် မြတ်စွာဘုရားတို့သည် မင်းမျိုးသာ ဖြစ်တော်မူကြ၍ ကကုသန် မြတ်စွာဘုရားသည်ကား ပုဏ္ဏားမျိုး၌ ဖြစ်တော်မူ၏။
70
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဗုဒ္ဓဝင်
၅၀၉ ထိုသို့ ဖြစ်ရခြင်းမှာ လောကအထိမ်းအမှတ်ကို စွဲ၍ ဖြစ်ရ၏၊ လောက၌ မင်းမျိုး, ပုဏ္ဏားမျိုး, သူကြွယ်မျိုး, သူဆင်းရဲမျိုးဟူ၍ အမျိုးလေးပါးရှိရာ သူကြွယ်နှင့် သူဆင်းရဲမျိုး၌ ပစ္ဆိမဘဝိက ဘုရားအလောင်းတော်များ ပဋိသန္ဓေ တည်နေရိုးမရှိ၊ အကြောင်းမှာ ထိုနှစ်မျိုးလုံးပင် မည်သည့်အခါမျှ လောက၌ အထွတ်အထိပ်ပြုလုပ်ထားခြင်း အမြတ်တနိုး ပြုလုပ်ထားခြင်း မခံရသောကြောင့်တည်း။
71
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဗုဒ္ဓဝင်
မင်းမျိုးနှင့် ပုဏ္ဏားမျိုးတို့မှာမူကား ရံခါ မင်းမျိုးကို လောကကြီးက အမြတ်တနိုး ရိုသေ၍ ရံခါ ပုဏ္ဏားမျိုးကို လောကကြီးက အမြတ်တနိုး ရိုသေ၏။
72
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဗုဒ္ဓဝင်
အကြင်အခါ လောကလူအပေါင်းတို့က မင်းကို ရိုသေမြတ်နိုး ပူဇော်မှုကို ပြုကြကုန်၏။
73
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဗုဒ္ဓဝင်
ထိုအခါ မင်းမျိုးသည် လောက၌ အမြတ်ဆုံးဖြစ်နေ၍ မင်းမျိုး၌သာ ဘုရားအလောင်းတော်များ ဖြစ်တော်မူကြသည်။
74
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဗုဒ္ဓဝင်
အကြင်အခါ လောက လူအပေါင်းတို့က ပုဏ္ဏားကို ရိုသေမြတ်နိုး ပူဇော်မှုကို ပြုကြကုန်၏။
75
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဗုဒ္ဓဝင်
ထိုအခါ ပုဏ္ဏားမျိုးသည် လောက၌ အမြတ်ဆုံးဖြစ်နေ၍ ထိုပုဏ္ဏားမျိုး၌သာ ဘုရားအလောင်းတော်များ ဖြစ်တော်မူကြသည်။
76
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဗုဒ္ဓဝင်
ဤသို့လျှင် မင်းမျိုးနှင့် ပုဏ္ဏားမျိုးတို့မှ ဘုရားဖြစ်တော်မူကြရာ လောက၌ မင်းမျိုးကိုသာ အထွတ်အမြတ်ထားခြင်းက များပြားသောကြောင့် မြတ်စွာဘုရားတို့သည် အများအားဖြင့် မင်းမျိုးမှ ဖြစ်ပွင့်တော်မူကြသည်။
77
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဗုဒ္ဓဝင်
ပုဏ္ဏားမျိုးကို အထွတ်အမြတ်ထားခြင်းကား တရံတခါသာဖြစ်၍ တရံတခါသာ ပုဏ္ဏားမျိုးမှ ဘုရားဖြစ်ပွင့်တော်မူသည်။
78
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဗုဒ္ဓဝင်
ထို့ကြောင့် ဆိုအပ်ပြီးသည့်အတိုင်း မင်းမျိုးမှ ဘုရားဖြစ်သည်ကများ၍ ပုဏ္ဏားမျိုးမှ ဘုရားဖြစ်ပွင့်မှု နည်းပါးသည်ဟု သိမှတ်ရာ၏။
79
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဗုဒ္ဓဝင်
၅၁၀ လူစည်းစိမ်ကို ခံစားခြင်း
80
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဗုဒ္ဓဝင်
ဘုရားအလောင်းတော် ကကုသန္ဓ သတို့သားသည် အရွယ်သို့ ရောက်သောအခါ (၁) ကာမမည်သောပြာသာဒ်၊ (၂) ကာမဝဏ္ဏမည်သော ပြာသာဒ်၊ (၃) ကာမသုဒ္ဓိမည်သော ပြာသာဒ် တည်းဟူသော မြတ်သော ပြာသာဒ်သုံးဆောင်တို့၌ ရံရွေတော် ပုဏ္ဏားအမျိုးသမီးပေါင်း (၃၀၀၀၀) သုံးသောင်း အခြံအရံရှိသည့် ရောစိနီအမည်ရှိသော ပုဏ္ဏေးမ၏ ဖျော်ဖြေပြုစု လုပ်ကျွေးခြင်းကို ခံယူကာ နှစ်ပေါင်း (၄၀၀၀) လေးထောင်တို့ ကာလပတ်လုံး နတ်စည်းစိမ်နှင့်တူသော စည်းစိမ်ချမ်းသာကို ခံစားတော်မူကာ အိမ်ရာစိုးအုပ်၍ နေတော်မူလေသည်။
81
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဗုဒ္ဓဝင်
တောထွက်တော်မူခြင်း
82
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဗုဒ္ဓဝင်
အလောင်းတော် ကကုသန္ဓပုဏ္ဏားသည် အိမ်ရာကို စိုးအုပ်နေတော်မူစဉ် နိမိတ်ကြီးလေးပါးတို့ကို မြင်တော်မူပြီးလျှင် ရောစိနီပုဏ္ဏေးမမှ ဥတ္တရအမည်ရှိသော သားတော်ကို ဖွားမြင်သောအခါ အာဇာနည်မြင်း ကသော ရထားကိုစီးလျက် တောထွက်၍ ရဟန်းပြုတော်မူ၏။
83
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဗုဒ္ဓဝင်
အလောင်းတော် ကကုသန္ဓပုဏ္ဏား ရဟန်း ပြုသည်ကို အတုလိုက် (အားကျ)ကာ ယောက်ျားပေါင်း လေးသောင်းတို့ ရဟန်းပြုကြကုန်၏။
84
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဗုဒ္ဓဝင်
ဘုရားဖြစ်တော်မူခြင်း
85
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဗုဒ္ဓဝင်
ကကုသန်မြတ်စွာဘုရား အလောင်းတော်သည် ထိုလေးသောင်းသော ရဟန်းတို့နှင့် အတူတကွ ဒုက္ကရစရိယာ ရှစ်လကြာ ကျင့်တော်မူပြီးလျှင် ကဆုန်လပြည့် ဘုရားဖြစ်မည့်နေ့၌ သုစိရိန္ဒနိဂုံးနေ ၀ဇိရိန္ဒအမည်ရှိသော ပုဏ္ဏား၏သမီး လှူဒါန်းအပ်သည့် ဃနာနို့ဆွမ်းကို ဘုဉ်းပေး သုံးဆောင်တော်မူပြီးလျှင် ထိုအရပ်ရှိ ရှားတော၌ နေ့သန့် (နေခို)တော်မူ၍ ညနေချမ်းအချိန်သို့ ရောက်သောအခါ မဟာဗောဓိမဏ္ဍိုင်သို့ တပါးတည်း ကြွတော်မူရာ လမ်းခရီးအကြား၌ သုဘဒ္ဒအမည်ရှိသော မုယောခင်း (ဂျုံခင်း)စောင့်သူ လှူဒါန်းအပ်သည့် မြက်ရှစ်ဆုပ်တို့ကို ခံတော်မူခဲ့၍
86
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဗုဒ္ဓဝင်
၅၁၁ (ရှေး ဝိပဿီမြတ်စွာဘုရား၏ မဟာဗောဓိ သခွတ်ပင်နှင့် တူမျှသော ပမာဏ တင့်တယ်ခြင်း ရှိသည့်) မဟာဗောဓိ (ကုက္ကို)ပင်အရင်း ဖြန့်ခင်းလိုက်သည်နှင့် တပြိုင်နက် (၂၆) နှစ်ဆယ့်ခြောက်တောင် ပမာဏရှိသော အပရာဇိတပလ္လင်တော် ပေါ်ပေါက်လာရာ ထိုပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေ စံနေတော်မူလျက် အင်္ဂါလေးပါးရှိသော ဝီရိယကို ဆောက်တည်တော်မူကာ ရှေး ဆိုအပ်ပြီးသော နည်းအတိုင်း ဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။
87
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဗုဒ္ဓဝင်
တရားပွဲကြီး သုံးကြိမ်
88
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဗုဒ္ဓဝင်
ကကုသန် မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီးသည့်နောက် မဟာဗောဓိ (ကုက္ကို)ပင်၏ အနီးမှာပင် သတ္တသတ္တာဟ= (လေးဆယ့်ကိုးရက်) စံနေတော်မူပြီးလျှင် တရားဟောရန် ဗြဟ္မာမင်း၏ တောင်းပန်ချက်ကို လက်ခံတော်မူ၍ “ငါသည် အဘယ်သူအား ရှေးဦးစွာ တရားဟောရပါအံ့နည်း”ဟု စဉ်းစား ဆင်ခြင်တော်မူလတ်သော် ကိုယ်တော်မြတ်နှင့် အတူတကွ ရဟန်းပြုဖက်ဖြစ်ကြသည့် လေးသောင်းသော ရဟန်းတို့ကို မဂ်ဖိုလ်ရကြောင်း ရှေးကောင်းမှုနှင့် ပြည့်စုံကြသည်တို့ကို မြင်တော်မူ၍ တရက်ခြင်းဖြင့်ပင် ထိုရဟန်းတို့နေရာ မကိလမြို့၏အနီး ဣသိပတန မိဂဒါဝုန်တောသို့ ကြွသွားတော်မူပြီးလျှင် ထိုရဟန်းတို့၏အလယ်၌ သီတင်းသုံး နေတော်မူလျက် ရှေးရှေးဘုရားရှင်တို့ ဟောကြားတော်မူကြမြဲဖြစ်သည့် ဓမ္မစကြာဒေသနာကို ဟောကြားတော်မူရာ များစွာသော နတ်ဗြဟ္မာတို့လည်း ရိုသေစွာ လာရောက် နာယူ ကြကုန်၏။
89
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဗုဒ္ဓဝင်
ထိုအခါ ကုဋေလေးသောင်းသော နတ်လူတို့သည် မဂ်ဖိုလ်တရားထူးကို ရကြကုန်၏။
90
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဗုဒ္ဓဝင်
(ဤကား ရှေးဦးစွာသော ဓမ္မာဘိသမယ ပဌမတရားပွဲကြီးတည်း။
91
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဗုဒ္ဓဝင်
) ထို့နောက် အခါတပါး၌ ကကုသန် မြတ်စွာဘုရားသည် ကဏ္ဏကုဇ္ဇမြို့တံခါးအနီး အင်ကြင်းပင်ကြီး၏ အပါးမှာ ရေမီးအစုံအစုံဖြစ်သော တန်းခိုးပြာဋိဟာကို ပြတော်မူ၍ တရားဟောတော်မူသည်ရှိသော်
92
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဗုဒ္ဓဝင်
၅၁၂ ကုဋေသုံးသောင်းမျှကုန်သော နတ်လူတို့သည် သစ္စာလေးပါးတရားကို ထိုးထွင်းသိမြင် အကျွတ်တမ်း ဝင်ကြကုန်၏။
93
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဗုဒ္ဓဝင်
(ဤကား ဒုတိယာဘိသမယ ဒုတိယတရားပွဲကြီးတည်း။
94
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဗုဒ္ဓဝင်
) ထို့နောက် အခါတပါး၌ ခေမဝတီမြို့၏ မနီးမဝေးဖြစ်သော အရပ်ရှိ နတ်ကွန်းတခု၌ နရဒေဝအမည်ရှိသော နတ်ဘီလူးသည် လူအများတို့က ပူဇော်ပသချိန် ရောက်သောအခါ ထင်ရှားတွေ့မြင်ရသော လူကိုယ်ဖြင့် ပူဇော်ပသခြင်းကိုခံ၍ အစာအာဟာရအတွက်သော်ကား အသွားခက်သော တောခရီးအလယ်ရှိ တခုသောအိုင်ကြီး၏ အနီးသို့ သွားရောက်လျက် ကြာအမျိုးမျိုးတို့ကို အလိုရှိ၍ လာရောက်ကြကုန်သော လူတို့ကို ဖမ်းယူစားသောက်၍ နေလေ၏။
95
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဗုဒ္ဓဝင်
ထိုခရီးခဲမှာ လူအသွားအလာ ပြတ်စဲသောအခါ မိမိ၏နေရာ ကြီးစွာသော တောအုပ်ကြီးထဲသို့ဝင်၍ ထိုတောအုပ်အတွင်း လာရောက်သော သူတို့ကို ဖမ်းယူ စားသောက်ပြန်လေ၏။
96
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဗုဒ္ဓဝင်
ထိုခရီးလမ်းသည် လောက၌ ကျော်စောထင်ရှားလျက် အသွားအလာခက်သော လမ်းကြီးပင် ဖြစ်၏။
97
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဗုဒ္ဓဝင်
ထိုတောအုပ်၏ အဝင်အထွက် နှစ်ဌာနမှာပင် လူပေါင်းများစွာတို့သည် ထိုခရီးခဲကို လွန်မြောက်သွားနိုင်ကြစေရန် ရည်သန်ဆွေးနွေး စည်းဝေးတိုင်ပင်လျက် ရှိကြကုန်၏။
98
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဗုဒ္ဓဝင်
ထိုအခါ ကကုသန်မြတ်စွာဘုရားသည် နံနက်စောစော မဟာကရုဏာသမာပတ်မှ ထသောအခါ သတ္တလောကကို ကြည့်ရှုတော်မူလတ်သော် ရွှေဉာဏ်တော်ကွန်ရက်အတွင်း ရောက်ရှိထင်မြင်လာသော ထိုနရဒေ၀ဘီလူးနှင့် လူများအပေါင်းကို မြင်တော်မူလေလျှင် ကောင်းကင်ခရီးဖြင့် ကြွသွားတော်မူ၍ ထိုလူအပေါင်း ကြည့်ရှုနေစဉ်ပင် ကကုသန် မြတ်စွာဘုရားသည် အထူးထူးအပြားပြားသော တန်းခိုးပြာဋိဟာကို ပြတော်မူ၍ နရဒေ၀ဘီလူး၏ ဘုံဗိမာန်၌ သက်ဆင်းတော်မူပြီးလျှင် ထိုဘီလူး၏ မင်္ဂလာရှိသော အိပ်ရာပလ္လင်ထက်၌ သီတင်းသုံး နေတော်မူ၏။
99
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဗုဒ္ဓဝင်
၅၁၃ ထိုအခါ နရဒေ၀ဘီလူးသည် ရောင်ခြည်တော် ခြောက်သွယ်တို့ကို လွှတ်ကာ ကောင်းကင်ခရီးဖြင့် မြတ်စွာဘုရား ကြွလာတော်မူသည်ကို မြင်စဉ်ကပင် “မြတ်စွာဘုရားသည် ငါ့အား သနားကြင်နာတော်မူသဖြင့် ဤအရပ်သို့ ကြွလာတော်မူခြင်း ဖြစ်သည်”ဟု ကြည်ညိုသော စိတ်နှလုံးရှိသည်ဖြစ်၍ မိမိ၏ အခြွေအရံဖြစ်သော ဘီလူးတို့နှင့် အတူတကွ ဟိမဝန္တာသို့သွားပြီးလျှင် အထူးထူးသော အဆင်းရနံ့ရှိကြသည့် ရေပန်း ကြည်းပန်းတို့ကို၎င်း အလွန်အမင်း စိတ်နှလုံး မွေ့လျော်ဖွယ်ရာကောင်းသော ရနံ့ရှိသည့် နံ့သာဟူသမျှတို့ကို၎င်း ကောင်းစွာယူဆောင်ခဲ့ကာ မိမိ၏နေရာ ပလ္လင်ထက်၌ သီတင်းသုံးနေတော်မူသော ကကုသန် မြတ်စွာဘုရားကို ပူဇော်၍ ကောင်းချီးဂါထာတို့ကို ရွတ်ဆိုကာ ဦးခေါင်းထက်၌ လက်အုပ်ချီ၍ ရှိခိုးတည်နေလေ၏။
100
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
ကကုသန္ဓဗုဒ္ဓဝင်
ထိုအခါ လူအပေါင်းတို့သည် မြတ်စွာဘုရား၏ တန်းခိုးပြာဋိဟာကို မြင်ကြရ၍ ကြည်လင်သော စိတ်နှလုံးရှိကြသဖြင့် အညီအညွတ် လာရောက်ကြပြီးလျှင် မြတ်စွာဘုရားကို ဝန်းရံကာ ရှိခိုးလျက် တည်ကြကုန်၏။