id
int64 1
1.35M
| categories
stringclasses 292
values | title
stringlengths 4
90
| context
stringlengths 1
8.39k
|
|---|---|---|---|
101
|
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဗုဒ္ဓဝင်
|
ထိုအခါ ကကုသန် မြတ်စွာဘုရားသည် နရဒေ၀ဘီလူးကို ကောင်းသောကုသိုလ်ကံ အကြောင်းတရားနှင့် ကောင်းသောအကျိုးတရားတို့ ဆက်စပ်ပုံကို ပြဆိုသဖြင့် ဘီလူး၏စိတ်ကို ထက်သန်စေ၍ ငရဲနှင့်စပ်သော တရားစကားဖြင့်လည်း ဘီလူး၏စိတ်ကို ထိတ်လန့်စေပြီးမှ သစ္စာလေးပါးတရားကို ဟောကြားတော်မူ၏။
|
102
|
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဗုဒ္ဓဝင်
|
ထိုအခါ အတိုင်းအရှည်မရှိ များလှစွာသော နတ်လူသတ္တဝါတို့ သစ္စာလေးပါး တရားသိမြင် အကျွတ်တမ်း ဝင်ကြကုန်၏။
|
103
|
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဗုဒ္ဓဝင်
|
(ဤကား တတိယဓမ္မာဘိသမယ တတိယတရားပွဲကြီးတည်း။
|
104
|
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဗုဒ္ဓဝင်
|
ကကုသန်မြတ်စွာဘုရား၏ တပည့်သာဝက ရဟန္တာအစည်းအဝေးကြီး တကြိမ်တည်းသာ ဖြစ်ဟန်ကား.. ကဏ္ဏကုဇ္ဇမြို့အနီး
|
105
|
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဗုဒ္ဓဝင်
|
၅၁၄ ဣသိပတန မိဂဒါဝုန်တော၌ ကိုယ်တော်မြတ်နှင့် အတူတကွ ရဟန်းပြုဖက်ဖြစ်ကုန်သော ရဟန္တာအပေါင်း လေးသောင်းခြံရံလျက် ကကုသန် မြတ်စွာဘုရားသည် တပို့တွဲလပြည့်နေ့၌ ဩဝါဒပါတိမောက်ကို ပြတော်မူ၏။
|
106
|
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဗုဒ္ဓဝင်
|
(ဤသည်ပင် သာဝကအစည်းအဝေးကြီး တကြိမ်ဖြစ်ပုံတည်း။
|
107
|
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဗုဒ္ဓဝင်
|
) **********ဂေါတမမြတ်စွာဘုရားအလောင်း ခေမမင်း ရဟန်းပြု၍ ဗျာဒိတ်ခံယူခြင်း
|
108
|
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဗုဒ္ဓဝင်
|
ထိုအခါ ငါတို့မြတ်စွာဘုရား အလောင်းတော်သည် ခေမမင်းဖြစ်၍ ဘုရားအမှူးရှိသော သံဃာတော်အား သပိတ်သင်္ကန်းတည်းဟူသော ကြီးစွာသော အလှူဒါနကြီးကို ပေးလှူပြီးလျှင် ဆေးပစ္စည်းအတွက် မျက်စဉ်းကျောက် အစရှိသော ဓာတ်သတ္တုမျိုး နွယ်ချိုအစရှိသော ပိဏ္ဍောဆေးပစ္စည်းမျိုး အစရှိသည့် ရဟန်းသံဃာတော်များ အလိုရှိရာ ဆေးပစ္စည်း အမျိုးမျိုးတို့ကိုလည်း သဒ္ဓါပြဋ္ဌာန်း လှူဒါန်းဆက်ကပ်သည့်ပြင် ကကုသန်မြတ်စွာဘုရား ဟောကြားတော်မူအပ်သော တရားဒေသနာကို ကြားနာရ၍ သာသနာတော်၌ ကြည်ညိုသော သဒ္ဓါတရား ကြီးစွာဖြစ်ပွါးရကား မြတ်စွာဘုရားအထံတော်၌ ရဟန်းပြုတော်မူလေသည်။
|
109
|
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဗုဒ္ဓဝင်
|
ကကုသန် မြတ်စွာဘုရားသည်လည်း အလောင်းတော် ခေမမင်းရဟန်းကို “ဤဘဒ္ဒကမ္ဘာ၌ပင်လျှင် ဤခေမအမည်ရှိသော ရဟန်းသည် ဂေါတမ အမည်တော်ရှိသော ဘုရားစင်စစ် ဖြစ်လတ္တံ့”ဟူ၍ ဗျာဒိတ် စကား ကြားတော်မူလေသည်။
|
110
|
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဗုဒ္ဓဝင်
|
(ဗျာဒိတ်ကြားတော်မူပုံမှာ ဒီပင်္ကရာ မြတ်စွာဘုရား ဗျာဒိတ်ကြားသကဲ့သို့ပင် အပြည့်အစုံဖြစ်သည်။
|
111
|
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဗုဒ္ဓဝင်
|
) ထို ကကုသန် မြတ်စွာဘုရား၏ ဗျာဒိတ်စကား ကြားရလျှင် အလောင်းတော် ခေမမင်းရဟန်းသည် အလွန်ကြည်လင်သော စိတ်ရှိလျက် ပါရမီဆယ်ပါးတို့ကို တိုးတက်ဖြည့်ကျင့်ရန် မြဲမြံစွာ ဆောက်တည်တော်မူလေသည်။
|
112
|
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဗုဒ္ဓဝင်
|
၅၁၅ မြို့တော်စသည်ကို ပြဆိုချက်
|
113
|
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဗုဒ္ဓဝင်
|
ကကုသန်မြတ်စွာဘုရား ဖွားတော်မှုရာ မြို့တော်မှာ ခေမဝတီမြို့တော်ဖြစ်၍ ခမည်းတော်မှာ ခေမင်္ကရမင်းကြီး၏ ပုရောဟိတ်ကြီး အဂ္ဂိဒတ္တပုဏ္ဏားဖြစ်၍ မယ်တော်မှာ ဝိသာခါပုဏ္ဏေးမ ဖြစ်ကုန်၏။
|
114
|
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဗုဒ္ဓဝင်
|
အိမ်ရာစိုးအုပ်၍ နေတော်မူသော နှစ်ပေါင်းမှာ (၄ဝဝဝ) လေးထောင်ဖြစ်၍ ပြာသာဒ်တော် သုံးဆောင်တို့မှာ ကာမပြာသာဒ်, ကာမဝဏ္ဏပြာသာဒ်, ကာမသုဒ္ဓိပြာသာဒ်တို့ ဖြစ်ကုန်၏။
|
115
|
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဗုဒ္ဓဝင်
|
ကြင်ဖက်တော်မှာ ရံရွေတော်ပေါင်း (၃၀၀၀၀) သုံးသောင်း အခြံအရံရှိသည့် ရောစိနီပုဏ္ဏေးမ ဖြစ်ပြီးလျှင် သားတော်မှာ ဥတ္တရသတို့သား ဖြစ်လေသည်။
|
116
|
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဗုဒ္ဓဝင်
|
နိမိတ်ကြီးလေးပါးတို့ကို မြင်တော်မူ၍ တောထွက်တော်မူသော ယာဉ်မှာ အာဇာနည်မြင်းကသော ရထားယာဉ်ဖြစ်၍ ရှစ်လကြာ ဒုက္ကရစရိယာကို ကျင့်တော်မူရသည်။
|
117
|
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဗုဒ္ဓဝင်
|
အဂ္ဂသာဝကအစုံတို့မှာ ဝိဓုရမထေရ်နှင့် သဉ္ဇီဝမထေရ်တို့ ဖြစ်ကြ၍ အလုပ်အကျွေးမှာ ဗုဒ္ဓိဇမထေရ် ဖြစ်လေသည်။
|
118
|
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဗုဒ္ဓဝင်
|
အဂ္ဂသာဝိကာ အစုံတို့မှာ သာမာထေရီမနှင့် စမ္ပာထေရီမတို့ ဖြစ်ကြ၍ ပွင့်တော်မူရာ ဗောဓိပင်မှာ ကုက္ကိုပင်ဗောဓိ ဖြစ်လေသည်။
|
119
|
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဗုဒ္ဓဝင်
|
မြတ်သောအလုပ်အကျွေး ဒါယကာတို့မှာ အစ္စုတသူဌေးနှင့် သုမနသူဌေးတို့ ဖြစ်ကြ၍ မြတ်သော အလုပ်အကျွေး ဒါယိကာမတို့မှာ နန္ဒာဥပါသိကာမနှင့် သုနန္ဒာဥပါသိကာမတို့ ဖြစ်ကုန်၏။
|
120
|
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဗုဒ္ဓဝင်
|
ကကုသန် မြတ်စွာဘုရားသည် အရပ်တော် အတောင် (၄၀) လေးဆယ် မြင့်တော်မူလျက် ကိုယ်တော်မှထွက်သော ရောင်ခြည်တော်သည် ထက်ဝန်းကျင် ဆယ်ယူဇနာတိုင်တိုင် ပျံ့နှံ့ကွန့်မြူးပေ၏။
|
121
|
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဗုဒ္ဓဝင်
|
၅၁၆ ကကုသန်မြတ်စွာဘုရား ပွင့်တော်မူရာ အသက်တမ်းမှာ အနှစ် (၄၀၀၀၀) လေးသောင်းတမ်းဖြစ်၍ ထိုမျှလောက် (အသက်တမ်း၏ ငါးပုံ့လေးပုံ) ကာလတို့ပတ်လုံး တည်နေတော်မူလျက် များစွာသော လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းကို သံသရာတည်းဟူသော ရေအယဉ်မှ နိဗ္ဗာန်တည်းဟူသော ကြည်းကုန်းထက်သို့ ထုတ်ဆယ် ကယ်တင်တော်မူခဲ့၏။
|
122
|
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဗုဒ္ဓဝင်
|
နတ်နှင့်တကွသော လောကကြီး၌ ယောက်ျားမိန်းမဖြစ်သူ သူတော်ကောင်းတို့အတွက် တရားတည်းဟူသော ဈေးဆိုင်ကြီးကို ခင်းကျင်းတော်မူ၍ “ငါသည် အလုံးစုံသော တရားကိုသိသော ဘုရားစင်စစ် ဖြစ်ပြီ၊ ငါ့မှာ ကိလေသာ အာသဝေါ ဝါသနာနှင့်တကွ ကုန်ခန်းပြီ” အစရှိသည်ဖြင့် ရဲရင့်စွာ ခြင်္သေ့သံဖြင့် ကြုံးဝါး ဟောကြားတော်မူပြီးလျှင် တပည့်သား သံဃာတော်နှင့်တကွ ထိုကကုသန် မြတ်စွာဘုရားသည် ပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်းတော်မူလေပြီ။
|
123
|
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဗုဒ္ဓဝင်
|
သံဝေဂ သန့်ရှင်းခြင်း, သာယာခြင်း, သိလွယ်ခြင်း, နာချင်ဖွယ်ရှိခြင်း, ဖရိုဖရဲ မကွဲခြင်း, လုံးလုံးလျောင်းလျောင်း ရှိခြင်း, နက်နဲခြင်း, ပဲ့တင်ထပ်ခြင်းဟူသော အင်္ဂါရှစ်ပါးရှိသော စကားသံနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသည်၎င်း၊ ကာလမပြတ် အကြား အပေါက် အပြောက်ကင်းသည့် သီလဂုဏ်နှင့် ပြည့်စုံတော်မူကြသည့် သာဝကအစုံ အစရှိသည်တို့သည်၎င်း ထိုအလုံးစုံတို့သည် ချုပ်ဆုံး ကွယ်ပျောက်ကြလေပြီ..၊ ခပ်သိမ်းသော သင်္ခါရတရားတို့သည် ခိုင်မာသော အနှစ်သာရမရှိ၊ အချည်းနှီးသာ ဖြစ်ကုန်စွာ့တကား..။
|
124
|
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဗုဒ္ဓဝင်
|
စေတီတော် ဤသို့လျှင် မာရ်ငါးပါးကို အောင်မြင်တော်မူသော ကကုသန် မြတ်စွာဘုရားသည် ခေမအမည်ရှိသော အရာမ်ကြီး၌ ပရိနိဗ္ဗာန်
|
125
|
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဗုဒ္ဓဝင်
|
၅၁၇ စံတော်မူ၏၊ ထိုအရာမ်ကြီးအတွင်းမှာပင် ရှေး ဆိုအပ်ပြီးသည့်နည်းအတိုင်း တည်ထားအပ်သော ကကုသန်မြတ်စွာဘုရား၏ ဓာတုစေတီတော်မြတ်သည် တဂါဝုတ်တိုင်တိုင် မြင့်တော်မူပေ၏။
|
126
|
မဟာဗုဒ္ဓဝင်, ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဗုဒ္ဓဝင်
|
ကကုသန္ဓဗုဒ္ဓဝင် ပြီး၏။
|
127
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
၂၅။ ကကုသန္ဓဗုဒ္ဓဝင်
|
128
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
ဝေဿဘူဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူပြီး ထိုဘုရားရှင် ပွင့်တော်မူရာ ကပ်ကမ္ဘာကုန်ဆုံးပြီးနောက် ဘုရားပွင့်တော်
|
129
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
မမူသည့် သုညကမ္ဘာပေါင်း နှစ်ဆယ့်ကိုးကမ္ဘာခြားပြီးမှ ဘုရားငါးဆူပွင့်တော်မူရာ ဤဘဒ္ဒကမ္ဘာသို့ ရောက်ခဲ့လေသည်။
|
130
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
ဤဘဒ္ဒကမ္ဘာ၌ ကကုသန္ဓမြတ်စွာဘုရား၊ ကောဏာဂမန မြတ်စွာဘုရား၊ ကဿပမြတ်စွာဘုရား၊ ဂေါတမမြတ်စွာဘုရား
|
131
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
ဘုရားလေးဆူ ပွင့်တော်မူခဲ့ပြီ။
|
132
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
အရိမေတ္တယျ မြတ်စွာဘုရား ပွင့်တော်မူရန် ကျန်သေးသည်။
|
133
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
ထိုဘုရားရှင် ငါးဆူတို့
|
134
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
အနက် ကကုသန္ဓ ဘုရားရှင်သည် ဤဘဒ္ဒကမ္ဘာတွင် ရှေးဦးစွာ ပွင့်တော်မူခဲ့သော ဘုရားရှင် ဖြစ်တော်မူသည်။
|
135
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
ကကုသန္ဓဘုရားအလောင်းတော် ဖွားမြင်တော်မူခြင်း
|
136
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
ဤဘဒ္ဒကမ္ဘာဝယ် ပထမအန္တရကပ်၌ပင် လူတို့၏အသက်တမ်း အသင်္ချေ တမ်းမှ ဆုတ်ယုတ်ခဲ့၍ အနှစ်လေးသောင်း
|
137
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
တမ်းသို့ ရောက်သောအခါ ကကုသန္ဓ ဘုရားအလောင်းတော်သည် ပါရမီတော် တို့ကို ဖြည့်ကျင့် တော်မူပြီးသည်ဖြစ်၍
|
138
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
အလောင်းတော်တို့၏ ဓမ္မတာအတိုင်း တုသိတာ နတ်ပြည်၌ စံနေတော်မူ ခဲ့သည်။
|
139
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
ထိုသို့ စံနေတော်မူစဉ် နတ်ဗြဟ္မာ
|
140
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
တို့က အလောင်းတော် နတ်သားအား ဘုံသုံးပါး၌ ဘုရားဖြစ်တော်မူရန် အချိန်တန်ပြီဖြစ်၍ လူ့ပြည်သို့ သက်ဆင်းကာ
|
141
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
ပဋိသန္ဓေနေ တော်မူပါရန် တောင်းပန်ခဲ့ကြကုန်၏။
|
142
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
အလောင်းတော်သည် နတ်ဗြဟ္မာတို့၏ တောင်းပန်ချက်အရ
|
143
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
တုသိတာနတ်ပြည်မှ စုတေ၍ လူ့ပြည် ခေမဝတီနေပြည်တော် ခေမမင်းကြီး၏ အဂ္ဂိဒတ္တ ပုရောဟိတ်ပုဏ္ဏားကြီး၏ ဇနီး
|
144
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
ဝိသာခါပုဏ္ဏေးမ၏ သန့်ရှင်းသိုက်မြိုက် ဝမ်းကြာတိုက်၌ ပဋိသန္ဓေ စွဲနေ စံပျော် ကိန်းအောင်းတော်မူခဲ့သည်။
|
145
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
ဆယ်လစေ့မြောက် အချိန်ရောက်သော အခါ မယ်တော် ပုဏ္ဏေးမကြီးသည် အလောင်းတော်ကို ခေမဝတီ ဥယျာဉ်တော်
|
146
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
အတွင်း၌ မီးရှူးသန့်စင် ဖွားမြင် တော်မူခဲ့၏။
|
147
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
အလောင်းတော် ပဋိသန္ဓေ နေတော်မူသောအခါ၊ ဖွားမြင်တော်မူသော
|
148
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
အခါတို့၌ နိမိတ်ကြီးများ ထင်ခဲ့သည့်အပြင် အလောင်းတော်ဟူသမျှတို့၌ ဖြစ်ပေါ်လေ့ရှိသည့်အတိုင်း အံ့ဩဖွယ် ရာများ
|
149
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
ဖြစ်ပေါ်ခဲ့ကြကုန်၏။
|
150
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
လူ့စည်းစိမ်ကို ခံစားတော်မူခြင်း
|
151
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
အလောင်းတော် ကကုသန္ဓပုဏ္ဏားလုလင်ပျိုသည် အရွယ်တော်သို့ ရောက်သောအခါ ရောစိနီအမည်ရှိသော ပုဏ္ဏေးမ
|
152
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
ငယ်နှင့် လက်ထပ်ကာ လူ့စည်းစိမ်ကို ခံစားခဲ့သည်။
|
153
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
ဥတုသုံးလီ ရာသီနှင့်မျှအောင် ဆောက်လုပ် ထားသော ကာမ
|
154
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
မည်သော ပြာသာဒ်၊ ကာမဝဏ္ဏမည်သော ပြာသာဒ်၊ ကာမသုဒ္ဓိမည်သော ပြာသာဒ်ဟူသော ပြာသာဒ်သုံး ဆောင်တို့၌
|
155
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
ရောစိနီ ပုဏ္ဏေးမ ဦးဆောင်သော ရံရွေတော် ပုဏ္ဏေးမအမျိုးသမီးပေါင်း သုံးသောင်းတို့၏ ဖျော်ဖြေ လုပ်ကျွေးမှုကို
|
156
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
ခံယူလျက် နှစ်ပေါင်းလေးထောင်တို့ ကာလပတ်လုံး နတ်စည်းစိမ်နှင့်တူသော လူ့စည်းစိမ် ချမ်းသာကို ခံစားတော်
|
157
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
မူခဲ့သည်။ အလောင်းတော်၏ သားတော်မှာ ဥတ္တရပုဏ္ဏားလုလင်ဖြစ်၏။
|
158
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
အလောင်းတော် ကကုသန္ဓပုဏ္ဏားသည် လူ့စည်းစိမ်ကို ခံစားနေစဉ် ကာလအတွင်း နတ်တို့ဖန်ဆင်း ပြသော သူအို၊
|
159
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
သူနာ၊ သူသေ၊ ရဟန်း နိမိတ်ကြီး လေးပါးတို့ကို မြင်တော်မူပြီး ရောစိနီပုဏ္ဏေးမမှ ဥတ္တရအမည်ရှိသော သားတော်ကို
|
160
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
ဖွားမြင်တော်မူသောအခါ အာဇာနည်မြင်း ကသော ရထားကို စီးလျက် တောထွက်ကာ ရဟန်းပြုတော်မူခဲ့သည်။
|
161
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
အလောင်းတော် ကကုသန္ဓပုဏ္ဏား ရဟန်းပြုသည်ကို အတုလိုက်အားကျကာ ယောက်ျားပေါင်း လေးသောင်း တို့သည်
|
162
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
လည်း လိုက်ပါရဟန်းပြုခဲ့ကြကုန်၏။
|
163
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
အလောင်းတော်သည် ထိုရဟန်း တို့နှင့် အတူတကွ ဒုက္ကရစရိယာ ရှစ်လကြာ
|
164
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
အောင် ကျင့်တော်မူပြီး ဘုရားဖြစ် မည့် ကဆုန်လပြည့်နေ့၌ သုစိရိန္ဒ နိဂုံးနေ ဝဇိရိန္ဒပုဏ္ဏား ၏ သမီး လှူဒါန်းသည့်
|
165
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
ဃနာနို့ဆွမ်းကို ဘုဉ်းပေး သုံးဆောင်တော်မူလျက် ထိုအရပ်ရှိ ရှားတော အတွင်း၌ နေခိုတော်မူခဲ့သည်။
|
166
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
အလောင်းတော်သည် ရှားတောအတွင်း၌ နေခိုတော်မူပြီးနောက် ညနေ ချမ်းအချိန်သို့ ရောက်သော အခါ မဟာဗောဓိ
|
167
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
မဏ္ဍိုင်သို့ တစ်ပါးတည်းကြွသွား တော်မူခဲ့၏။
|
168
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
လမ်းခရီးအကြား၌ မုယောခင်းစောင့် သုဘဒ္ဒ လှူဒါန်းသော မြက်ရှစ်
|
169
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
ဆုပ်ကို အလှူခံခဲ့၍ မဟာဗောဓိကုက္ကိုပင်ရင်း ဖြန့်ခင်းလိုက်သည် နှင့်တစ်ပြိုင်နက် နှစ်ဆယ့်ခြောက်တောင် ပမာဏ
|
170
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
ရှိသော အပရာဇိတပလ္လင်တော် ပေါ်ပေါက်တော် မူခဲ့သည်။
|
171
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
ထိုအပရာဇိတ ပလ္လင်တော်ဝယ် ထက်ဝယ်ဖွဲ့ခွေ စံနေတော်
|
172
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
မူလျက် အင်္ဂါလေးပါးရှိသော ဝီရိယတော်ကို ဆောက်တည်ကာ တရား အားထုတ်တော်မူခဲ့၏။
|
173
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
ထိုနေ့ နေမဝင်မီ
|
174
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
မာရ်စစ်သည် တို့ကို အောင်မြင်တော်မူခဲ့၍ ညဉ့်ဦးယံ၌ ပုဗ္ဗေနိဝါသဉာဏ်၊ သန်းခေါင်ယံ၌ ဒိဗ္ဗစက္ခုဉာဏ်၊ မိုးသောက်
|
175
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
ယံ နေအရုဏ်တက်သည်နှင့် တစ်ပြိုင်နက် အာသဝက္ခယဉာဏ်တော်ကို ရတော်မူကာ ဘုံသုံးပါး၌ ဘုရားစင်စစ်
|
176
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
ဖြစ်တော် မူခဲ့ပြီး “တဏှာ ယောက်ျား ဟယ် လက်သမား...ငါဘုရားသည် သင်လက်သမား ဆောက်လုပ်ခဲ့သော
|
177
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
ခန္ဓာအိမ်တိုက်ကြီး၏ မိုးကာလွှမ်းအုပ် အဝိဇ္ဇာတည်းဟူသော ခေါင်အုပ်ကို အရဟတ္တမဂ် ဉာဏ်သန်လျက်ဖြင့် ခွါဖျက်
|
178
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
လွှင့်ပစ် အပ်ကုန်ပြီ” စသော ဥဒါန်း ကို ကျူးရင့်တော်မူ၏။
|
179
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
ဓမ္မစကြာတရားဦး ဟောတော်မူခြင်း
|
180
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
ကကုသန္ဓဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးနောက် မဟာဗောဓိကုက္ကို ပင်အနီး၌ သတ္တသတ္တာဟ-လေးဆယ့်ကိုးရက်
|
181
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
စံနေတော်မူ၏။
|
182
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
အဋ္ဌမ သတ္တာဟသို့ ရောက်သောအခါ ဗြဟ္မာမင်း၏ တောင်းပန်မှု ကို ဝန်ခံတော် မူပြီး၍ ရှေးဦးစွာ
|
183
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
တရားဟောရမည့်ပုဂ္ဂိုလ်ကို ကြည့်ရှု ဆင်ခြင်လေလျှင် ကိုယ်တော်မြတ်နှင့်အတူ ရဟန်းပြုဖက်ဖြစ်ခဲ့ကြသော လေး
|
184
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
သောင်းသော ရဟန်းတို့ကို မြင်တော် မူခဲ့၏။
|
185
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
ထိုရဟန်းတို့နေရာ မကိလမြို့အနီး ဣသိပတန မိဂါဒဝုန်တောသို့
|
186
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
ကြွသွား တော်မူပြီး ထိုရဟန်းတို့၏အလယ်၌ သီတင်းသုံး နေတော်မူကာ ရှေးရှေးဘုရားရှင်တို့ ဟောကြား တော်မူမြဲ
|
187
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
ဖြစ်သည့် ဓမ္မစကြာ ဒေသနာတော်ကို ဟောကြားတော်မူခဲ့သည်။
|
188
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
တရားဒေသနာ အဆုံးသို့ ရောက်သောအခါ
|
189
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
ကုဋေလေးသောင်းသော နတ်လူဗြဟ္မာသတ္တဝါတို့ မဂ်ဖိုလ် တရားထူးကို ရခဲ့ကြကုန်၏။
|
190
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
ဂေါတမဘုရားအလောင်းတော် ဗျာဒိတ်ခံခြင်း
|
191
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
ကကုသန္ဓဘုရားရှင် လက်ထက်တော်တွင် ဂေါတမဘုရားအလောင်း တော်သည် ခေမမည်သောမင်း ဖြစ်ခဲ့၏။
|
192
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
ထိုခေမ မင်းသည် ဘုရားအမှူး ရှိသော သံဃာတော်တို့အား ကြီးစွာသော အလှူကြီးကို ပေးလှူပြီးနောက် ရဟန်းသံဃာ
|
193
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
တော်များ အလိုရှိရာ မျက်စဉ်းကျောက် စသော ဆေးပစ္စည်းများ ကိုလည်း လှူဒါန်းခဲ့၏။
|
194
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
ဘုရားရှင်၏ တရားတော်ကို
|
195
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
နာကြားရသောအခါ ကြည်ညိုသဒ္ဓါ ဖြစ်၍ ဘုရားရှင်၏ အထံတော်၌ ရဟန်းပြုခဲ့တော့သည်။
|
196
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
ထိုအခါ ဘုရားရှင်က
|
197
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
“ဤခေမရဟန်းသည် ဤဘဒ္ဒကမ္ဘာ၌ပင် ဂေါတမမည်သော ဘုရားစင်စစ် ဖြစ်လတံ့”ဟု ဗျာဒိတ်စကား မိန့်ကြား
|
198
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
တော်မူခဲ့သည်။
|
199
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
အလောင်းတော် ခေမရဟန်းသည် ဗျာဒိတ်စကားကို ကြားရသောအခါ အလွန် ကြည်လင်သော
|
200
|
ဗုဒ္ဓဝင်, မြန်မာဘာသာ
|
ကကုသန္ဓဘုရားရှင်
|
စိတ်ထားဖြင့် ပါရမီဆယ်ပါးတို့ကို တိုးတက်ဖြည့်ကျင့်ရန် မြဲမြံစွာ ဆောက်တည် တော်မူခဲ့သည်။
|
Subsets and Splits
No community queries yet
The top public SQL queries from the community will appear here once available.