id
int64
1
1.35M
categories
stringclasses
292 values
title
stringlengths
4
90
context
stringlengths
1
8.39k
301
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ဘုရားလောင်းသည် ဆွဲငင်အပ်သည်ရှိသော် ပုဇွန်ကိုဆောင်အံ့သောငှါ မတတ်နိုင်၊ ပုဇွန်သည်ကား ဘုရားလောင်းကိုငင်လျက် မိမိသို့ ရှေးရှုသည်ကို ပြု၏။
302
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ဘုရားလောင်းသည် သေဘေးမှ ကြောက်သည်ဖြစ်၍ မိသော မြည်ခြင်းကို မြည်၏။
303
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ခပ်သိမ်း သော ဆင်တို့သည် ဘေးမှကြောက်ကုန်ရကား ကြိုးကြာသံနှင့်တူသော အသံကိုမြည်၍ ကျင်ကြီးကျင်ငယ်ကို စွန့်ကုန်လျက် ပြေးကုန်၏။
304
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ဆင်မသည်လည်း ကြောက်ခြင်းကို သည်းခံအံ့သောငှါ မတတ်နိုင်၍ ပြေးအံ့သောငှါ အားထုတ်၏။
305
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ထိုအခါ ထိုဆင်မကို ဘုရားလောင်းသည် မိမိအား ပုဇွန်၏ ညှပ်မိသည်၏အဖြစ်ကို သိစေ၍ ထိုဆင်မကို မပြေးစိမ့်သောငှာ-
306
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
၄၉။ သိင်္ဂီမိဂေါ အာယတစက္ခုနေတ္တော၊အဋ္ဌိတ္တစော ဝါရိသယော အလောမော။
307
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
တေနာဘိဘူတော ကပဏံ ရုဒါမိ၊မာဟေဝ မံ ပါဏသမံ ဇဟေယျ။
308
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။
309
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
၄၉။ ကရေဏုကေ၊ ဆင်မ၊ သိင်္ဂီမိဂေါ၊ ရွှေပုဇွန်သည်။
310
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
အာယတစက္ခုနေတ္တော၊ ရှည်သော မျက်စိရှိ၏။
311
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
အဋ္ဌိတ္တစော၊ အရိုးဟူသော အရေရှိ၏။
312
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ဝါရိသယော၊ ရေ၌နေ၏။
313
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
အလောမော၊ အမွေးမရှိ။
314
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
တေန၊ ထိုရွှေဗုဇွန်သည်။
315
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
အဘိဘူတော၊ နှိပ်စက်အပ်သည်ဖြစ်၍။
316
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
အဟံ၊ ငါသည်။
317
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ကပဏံ၊ သနားဘွယ်။
318
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ရုဒါမိ၊ ငို၏။
319
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ပါဏသမံ၊ အသက်နှင့်တူသော။
320
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
မံ၊ ငါ့ကို။
321
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
မာဟေဝ ဇဟေယျ၊ မစွန့်ပါလင့်။
322
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ထိုအခါ ဘုရားလောင်းအား ဆင်မသည် ပြန်၍ နှစ်သိမ့်စေလျက်-
323
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
၅၀။ အယျ န တံ ဇဟိဿာမိ၊ ကုဉ္စရံ သဋ္ဌိဟာယနံ။
324
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ပထဗျာ စာတုရန္တာယ၊ သုပိယော ဟောသိ မေ တုံဝံ။
325
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။
326
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
၅၀။ အယျ၊ အရှင်။
327
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
သဋ္ဌိဟာယနံ၊ အနှစ်ခြောက်ဆယ် ရှိသောကာလ၌ အားယုတ်သော။
328
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ကုဉ္ဇရံ၊ ဆင်မင်း ဖြစ်သော။
329
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
တံ၊ သင့်ကို။
330
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
န ဇဟိဿာမိ၊ မစွန့်အံ့။
331
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
စာတုရန္တာယ စ၊ သမုဒ္ဒရာလေးစင်း အဆုံးရှိသော။
332
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ပထဗျာ၊ မြေ၌။
333
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
တုဝံ၊ သင့်ကို။
334
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
မေ၊ ငါသည်။
335
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
သုပိယော၊ အလွန်ချစ်သည်။
336
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
အဟောသိ၊ ဖြစ်၏။
337
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ထိုအခါ ဘုရားလောင်းကို တောင်းပန်၍ အရှင်ယခု သင့်ကို ပုဇွန်နှင့်တကွ အတန်ငယ် စကားပြောဆို၍ လွတ်စေအံ့ဟု ဆို၍ ပုဇွန်ကို တောင်း ပန်လိုရကား-
338
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
၅၁။ ယေ ကုဠီရာ သမုဒ္ဒသ္မိံ၊ ဂင်္ဂါယ ယမုနာယ စ။
339
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
တေသံ တွံ ဝါရိဇော သေဋ္ဌော၊ မုဉ္စ ရောဒန္တိယာ ပတိံ။
340
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ဟူသော သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။
341
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
၅၁။ အယျ၊ အရှင်ဗုဇွန်။
342
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ဝါရိဇော၊ ရေ၌ဖြစ်သော။
343
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
တွံ၊ သင်သည်။
344
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
သမုဒ္ဒသ္မိံ၊ သမုဒ္ဒရာ၌၎င်း။
345
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ဂင်္ဂါယ စ၊ ဂင်္ဂါ၌၎င်း။
346
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ယမုနာယ စ၊ ယမုနာ၌၎င်း။
347
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ယေ ကုဠီရာ၊ အကြင်ဗုဇွန်တို့သည်။
348
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
သန္တိ၊ ရှိကုန်၏။
349
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
တေသံ၊ ထိုဗုဇွန်တို့ထက်။
350
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
သေဋ္ဌော၊ မြတ်၏။
351
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ရောဒန္တိယာ၊ ငိုသော ငါ၏။
352
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ပတိံ၊ လင်ကို။
353
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
မုဉ္စ၊ လွှတ်လော့။
354
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ပုဇွန်သည် ဆင်မအသံ၌ မိန်းမသံဟူသော အာရုံကိုယူ၍ မိန်းမသံသည် ငင်အပ်သော စိတ်ရှိသည်ဖြစ်၍ ဆင်ခြေမှ တက်မတို့ကို ဖြေသကဲ့သို့ လျော့စေလျှက် ဤဆင်သည် လျော့သည်ရှိသော် ဤမည်သော အမှုကို ပြုလတ္တံ့ဟု တစုံတခုကို မသိသည်ဖြစ်၏။
355
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ထိုအခါ ဆင်သည် ခြေကိုချီ၍ ပုဇွန်၏ ကျောက်ကုန်း၌ နင်း၏။
356
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ထိုခဏ၌လျှင် အရိုးတို့သည် ကွဲကုန်၏။
357
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ဆင်သည် ဝမ်းမြောက်သောအသံဖြင့် မြည်၏။
358
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ခပ်သိမ်းသော ဆင်တို့သည် စည်းဝေး၍ ပုဇွန်ကိုထုတ်၍ ရေကန် ၏အပဖြစ်သော အပြင်၌ ထားလျက် မှုန့်မှုန့်ညက်ညက် ကြေစေကုန်၏။
359
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ထိုပုဇွန်၏ နှစ်ခုသော တက်မတို့ကို ကိုယ်မှခွဲ၍ လျောက်ပတ်သောအရပ်၌ ထားကုန်၏။
360
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ထိုကုဠီရ ရေကန်သည် ဂင်္ဂါမြစ်နှင့် တစင်တည်းဖြစ်၍ ဂင်္ဂါရေ ပြည့်သောကာလ၌ ရေဖြင့် ပြည့်၏။
361
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ဂင်္ဂါရေ နည်းသည်ရှိသော် ရေကန်မှရေသည် ဂင်္ဂါသို့ ဝင်၏။
362
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ထိုအခါ နှစ်ခုသော ထက်သော တက်မတို့သည်လည်း ဂင်္ဂါ၌ မျောကုန်၏။
363
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
တခုသော တက်မသည် သမုဒ္ဒရာသို့ဝင်၍ တခုသော တက်မကိုကား ဒသဘာတိကမင်းတို့သည် ရေကန်၌ ကစားကုန်သော် ရကုန်၍ အာလိင်္ဂမည်သော မရိုးစည်ကို ပြုကုန်၏။
364
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
သမုဒ္ဒရာသို့ဝင်သော တက်မကိုကား အသုရာတို့သည် ယူကုန်၍ အာလမ္ဗရမည်သော စည်ကို ပြုကုန်၏။
365
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ထိုအသုရာတို့သည် နောက်ကာလ၌ သိကြားမင်းနှင့် စစ်ထိုးကုန်လတ်သော် ရှုံးကုန်၍ အာလမ္ဗရစည်ကို ပစ်၍ ပြေးကုန်၏။
366
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ထိုအခါ ထိုအာလမ္ဗရစည်ကို သိကြားမင်းသည် မိမိအကျိုးငှါ ယူခဲ့စေ၏။
367
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ထိုစည်ကိုရည်၍ အာလမ္ဗရမိုဃ်းကဲ့သို့ မြည်၏ဟု ဆိုကြကုန်၏။
368
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ဇာတ်ပေါင်း... မြတ်စွာဘုရားသခင်သည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာကိုပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။
369
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
သစ္စာကို ပြတော်မူသည်၏အဆုံး၌ နှစ်ယောက်သော လင်မယားတို့သည် သောတာပတ္တိဖိုလ်၌ တည်၏။
370
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ သီတင်းသည်မသည် ထိုအခါ ဆင်မ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ဆင် ဖြစ်ဘူးပြီ၊ ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။
371
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ပညာဉာဏ်ကပ်၊ မိန်းမမြတ်၊ ဖြစ်ရပ်အထူး သက်ကယ်ဘူး
372
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကဋကဇာတ်
ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ကက္ကဋ္ဋကဇာတ်သည် ပြီး၏။
373
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
စတုက္ကနိပါတ် - ကုဋိဒူသကဝဂ်
374
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
၆။ ကက္ကာရုဇာတ်
375
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
နတ်ပန်းခိုင်
376
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည်ကာယေန ယော နာဝဟရေ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကက္ကာရုဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်း သုံး နေတော်မူစဉ် ဒေဝဒတ်ကို အကြောင်း ပြု၍ ဟောတော်မူ၏။
377
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
ဒေဝဒတ်သည် သံဃာကိုသင်းခွဲ၍ ပရိသတ်သည် အဂ္ဂသာဝကတို့နှင့်တကွ ဖဲခွါလတ်သည်ရှိသော် ဒေဝဒတ်၏ ခံတွင်းမှ ပူသောသွေးသည် အန်၏။
378
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
ထိုအခါ ရဟန်းတို့သည် တရားသဘင်၌ ငါ့သျှင်တို့ ဒေဝဒတ်သည် မုသားဆိုခြင်းကိုပြု၍ သံဃာကို သင်းခွဲ၏။
379
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
ယခုနာ၍ ကြီးစွာသောဆင်းရဲကို ခံရ၏ဟု စကားကို ဖြစ်စေကုန်၏။
380
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
သဗ္ဗညူ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးကြပါကုန်၏ဟု နားတော် လျောက်သည်ရှိသော်
381
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
ရဟန်းတို့ ဒေဝဒတ်သည် ယခုသာလျှင် မုသားဆိုသည် မဟုတ်သေး၊ ရှေး၌လည်း မုသားဆိုသလျှင်ကတည်း၊ ယခုသာလျှင် မုသားဆို၍ ကြီးစွာသော ဆင်းရဲကို ခံရသည် မဟုတ်သေး၊ ရှေး၌လည်း ခံရဘူးသလျှင် ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။
382
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် တာဝတိံသာနတ်ပြည်၌ မထင်ရှားသော နတ်သားဖြစ်၏။
383
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
ထိုအခါ ဗာရာဏသီပြည်၌ ကြီးစွာသော ပွဲသဘင်သည် ဖြစ်၏။
384
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
များစွာကုန်သော နဂါး, ဂဠုန်, ဘုမ္မစိုဝ်းနတ်တို့သည် လာ၍ ပွဲသဘင်ကို ကြည့်ကုန်၏။
385
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
တာဝတိံသာ နတ်ပြည်မှလည်း လေးယောက်ကုန်သော နတ်သားတို့သည် ကက္ကာရုမည်သော နတ်ပန်းတို့ဖြင့် ပြုအပ်သော ပန်းကုံးတို့ကိုပန်၍ ပွဲသဘင်ကြည့်အံ့သောငှါ လာကုန်၏။
386
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
တဆယ့်နှစ်ယူဇနာရှိသော ဗာရာဏသီမြို့သည် ထိုပန်းတို့၏အနံ့ဖြင့် တစပ်တည်းသော အနံ့ရှိ၏။
387
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
လူတို့သည် ဤပန်းတို့ကို အဘယ်သူသည် ပန်အပ်ကုန်သနည်းဟု ဆင်ခြင်ကုန်လျက် သွားကုန်၏။
388
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
ထိုနတ်သားတို့သည် ငါတို့ကို ထိုလူတို့သည် ဆင်ခြင်ကုန်၏ဟု သိ၍ မင်းယင်ပြင်သို့ ပျံ၍ ကြီးစွာသော နတ်တို့၏ အာနုဘော်ဖြင့် ကောင်းကင်၌ တည်ကုန်၏။
389
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
လူများသည် စည်းဝေး၏။
390
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
မင်းသည်လည်း အိမ်ရှေ့ မင်းအစရှိကုန်သော သူတို့နှင့်တကွ သွား၏။
391
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
ထိုအခါ ထိုနတ်သားတို့ကို အရှင်နတ်သားတို့ အရှင်တို့သည် အဘယ်နတ်ပြည်မှ လာကုန်သနည်းဟု မေးကုန်၏။
392
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
တာဝတိံသာနတ်ပြည်မှ လာကုန်၏ဟု ဆိုကုန်၏။
393
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
အဘယ်အမှုဖြင့် လာကုန်သနည်းဟု မေးကုန်၏။
394
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
ပွဲကြည့်အံ့သောငှါ လာကုန်၏ဟု ဆိုကုန်၏။
395
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
ဤပန်းတို့သည်ကား အဘယ်အမည်ရှိကုန်သော ပန်းတို့နည်းဟု မေးကုန်၏။
396
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
ကက္ကာရုမည်သော နတ်ပန်းတို့တည်းဟုဆိုကုန်၏။
397
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
အရှင်နတ်သားတို့ အရှင်တို့သည် နတ်ပြည်၌ တပါးကုန်သော ပန်းတို့ကို ပန်ဆင်ပါကုန်လော၊ ကျွန်ုပ်တို့အား ဤပန်းတို့ကို ပေးပါကုန်လောဟု တောင်းကုန်၏။
398
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
နတ်သားတို့သည် ကက္ကာရုနတ်ပန်းတို့သည်ကား အာနုဘော်ကြီးကုန်၏။
399
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
နတ်တို့အားသာလျှင် ထိုက်ကုန်၏။
400
ဇာတ်နိပါတ်, မြန်မာဘာသာ
ကက္ကာရုဇာတ်
လူ့ပြည်၌ ယုတ်မာကုန်သော ပညာမရှိကုန်သော ယုတ်မာသော နှလုံးသွင်းရှိကုန်သော သီလမရှိကုန်သော သူတို့အား မထိုက်ကုန်၊ အကြင် လူတို့သည်ကား ဤသို့ သဘောရှိသည်လည်းဖြစ်ကုန်သော ဤသို့သဘောရှိသည်လည်း ဖြစ်ကုန်သော ဂုဏ်တို့နှင့် ပြည့်စုံကုန်၏။